Thursday 2 June 2011

တမ်းတမိရေ


အိပ်ပျက်ညချေတိကို ချရားပန်းချေတိသီရေပိုင်အစီအရီသီကုံးလို့ ချစ်ရသူချေအတွက် ပီးဖူးခရေ..ထိုနိထိုရက်ထိုညချေတိကို တမ်းတရေ။ လွမ်းမောရေ။
နုညံ့ရေ နုလုံးသားတစုံတရာဆွဲအားအောက်မာ အလူးအလိမ့်နန့် ကျရှုံးယင်း အိပ်ဖို့စော် တောင်မိန့်ခဖူးရေ.. ထိုနိထိုရက်ထိုအချိန်ချေတိကို သတိရရေ။ တမ်းတရေ။ လွမ်းမောရေ။

ချစ်သူ..
အမြဲတမ်း.. မျော်လင့်မိရေ
နားလည်မှုချေတိနန့် ကိုယ့်ကိုနွီးထွီးစီခရေ.. စကားသံချေတိ..
ပူလောင်နိန်သမျှ ရင်တွင်းအပူတိကို ငြိမ်းအီးစီအောင်..
လန်းဆန်းအီးမြစီခရေ အသံချချိုချေတိ..
မတည်မငြိမ် ယောက်ယှက်ခတ်နိန်ရေ စိတ်ဝေဒနာတိကို..
တည်ငြိမ်တည့်မတ်လားအောင် ဆွဲဆောင်ထိန်းမတ်ပီးနိုင်ခရေ.. ထိုအသံချေတိ..
ကိုယ်.. လွမ်းရေ။ တမ်းတရေ။

ကိုယ့်ကို နားလည်မှုမပီးနိုင်ကောင်းလားလို့ အပြစ်တင်လိုက်ပါ..။
လီလှိုင်းထဲကလွင့်လာဖို့ တစုံတရာကိုရာ ကိုယ်..မျှော်လင့်နိန်မိရေ..။

ကိုယ်စီကိုယ်စီ ရုန်းကန်ရပ်တည်နိန်ကတ်ရစော်က အခြေအနေချင်းမတူကေလေ့
ပုံစံချင်းကထပ်တူပါရာဝေ..။  

“ရည်ရွယ်ချက်၊ ရည်မှန်းချက်တိ ကြီးလီလီ အချစ်တိနန့်ကင်းကွာလီ”..လတ် အသူတယောက် ပြောခဖူးလီရေ စကားလဲမသိ။ ကိုယ်ရို့လဲ ယင်းပိုင်လား.. ယင်းပိုင်ဖြစ်နိန်ဗျာလ်လား…။

ကမ္ဘာတဖက်တခြမ်းစီမာ နီထိုင်နိန်ကတ်ရရေ ကိုယ်ရို့နှစ်ယောက်အတွက် ကြီနှုးပျော်ရွှင်စရာ
အချိန်ချေတခုတောင် ကိုယ်ရို့မာ မသျှိဗျာလ်လာမသိနန်း…။

ချစ်သူပြောရေပိုင် ဇာနိမှန်းမသိရေတနိ ကိုယ်ရို့နှစ်ယောက်တွိဆုံခွင့်ရဖို့စော်ကို မျှော်လင့်တိုင်း ဖြစ်လာနိုင်ဖို့ မရေမရာမဟုတ်တေ သေချာမှုတခုကို အရင်းပြုရလိမ့်မေ..။


ချစ်ရသူကို အတိုင်းမတာမသျှိ တန်ဖိုးထားမိလီလီ.. ဝီးရဖို့စော်ကိုကြောက်လီလီ..
ချစ်ရသူကို အတိုင်းအတာမသျှိ မြတ်နိုးမိလီလီ.. ဆွေးရဖို့စော်ကိုကြောက်လီလီ..
ချစ်ရသူကို အတိုင်းအတာမသျှိ တွယ်တာမိလီလီ.. ဒေထက်မက လွမ်းရဖို့စော်ကို ကြောက်လာလီလီ..။


ယင်းအတွက်..

အလွမ်းတိအားလုံးကို
တွိဆုံခွင့်နန့် အဆုံးသတ်ကတ်မေဖိနန်း..။

ဖိုးခေါင
၂၊၆၊၂၀၁၁
India Time: 2:43 PM

No comments:

Post a Comment