Sunday 29 May 2011

ချစ်သူသိစီဖို့

တယောက်ထဲပါ..
မမျော်လင့်ဝံ့ခကေလေ့ ကိုယ့်ကို လက္ခံပီးခရေအတွက်
နူးညံ့ရေ နုလုံးတစုံ ချစ်သူအတွက်ဖြစ်ခရဗျာလ်..
အလွမ်းတိ ဇာသံသရာထိရှည်ကြာနိန်ဖို့သိလဲ..
တယောက်နန့်တယောက်ကြား
သံယောဇိုင်နှောင်ဖွဲ့မိချိန် စောလွန်းလို့လား..
အထီးကျန်လွန်းအားကြီးရေနန်း..
ချစ်သူအနားမာလေ တစက္ကန့်ချေလောက်တောင်
အနီးကပ်နိန်ခွင့်မသျှိသိရေ အချိန်တိကို
ကိုယ် မုန်းချင်လာမိဗျာလ်..

အမှန်ပါ
အချစ်ဆိုစော်ကို ဇာပိုင်ဖွဲ့ဆိုကတ်လေ..
အသံသသာချေနန့် သီကျူးဖွဲ့နွဲ့တတ်ကတ်တေ
ငှက်မောင်နှံချေတိ သိလီကတ်ဖို့လား..
ကြီနူးပျော်ရွင်ဖို့ကောင်းရေ နိ့ရက်မြတ်ချေတခုမာ
ချစ်သူနန့် ကိုယ် တွိကတ်မေ..
ရရယ်မမောနန့်ပါ့..

မြတ်နိုးလွန်းလို့ပါ
ချစ်ရသူအသံချေကို
အမြဲတမ်း နားစွင့်နိန်မိရေ..
သာယာပါရေ..
ကိုယ့်အတွက် အမြဲတမ်း ချိုမြိန်ခရေ..
မရိုးနိုင်အောင်ပါ့..
လွမ်းနိန်ရရေ အချိန်တိစော်
ကိုယ်ရို့အတွက် အနာဂတ်လား..
ချစ်သူ.. သိယင့်လား..
အိပ်တန်းပြန်မရောက်နိုင်ကတ်တေ
အဖော်ကွဲငှက်ချေတိကိုမြင်မိတိုင်းလေ..
ကိုယ် ကြွီကွဲမိရေ..

ကိုယ့်ကို အမြဲတမ်းအားခွန်တိပီးပါ..
ပျော်ရွှင်မှုမသျှိရေ အချိန်ဆိုစော်
ချစ်သူအနားမာ မသျှိရေ နိ့ရက်တိချင့်…
နူးညံ့ရေ အပြုံးချချိုချေတိနန့်
ဆီးကြိုလို့ ကိုယ့်ကိုကြင်နာပီးပါ..

လွမ်းရေ..
စက္ကန့်နန့် မိနစ်ကြားမာခြားထားရေ အချိန်တိစော်
ချစ်သူအတွက် ကိုယ့်အလွမ်းမိုင်တိုင်တိပါ..
အိမ်မက်တိထဲမာလေ
ကိုယ့်အနားမာ အမြဲတမ်းချစ်သူသျှိနိန်ရေ..
ကိုယ့်ကို မြတ်နိုးမှုတိနန့် ကြည့်နိန်တတ်တေ..
ယင်းမျက်လုံးချေတိကို
ကိုယ်ဇာလောက်ထိချစ်မိလေဆိုစော်
ချစ်သူ သိယင့်လား..
တကြိမ်တခါချေလောက်တောင်
ကိုယ့်ကို မမိန့်ပါကေ့..
အလွမ်းသံသရာတိ ပိုလို့ရှည်ကြာလားမေ..
ကိုယ်ကြောက်တေ ချစ်သူ..
ချစ်သူအနားမာ လိပ်ပြာချေတိဝဲပျံနိန်ရေအချိန်တိမာ
ကိုယ့်ကို မိန့်ပလိုက်ဖို့လား..

မျော်လင့်အားကြီးလို့ပါ..
ဝီးနိန်ရရေအချိန်တိကို တိုပလိုက်ကတ်မေနန်း..
ကြီနူးပျော်ရွှင်စရာချေတိနန့်..
ကိုယ်ရို့အလွမ်းတိကို
အဆုံးသတ်ကတ်မေ..

ဖိုးခေါင်
၂၉.၅.၂၀၁၁
India Time:3:14

No comments:

Post a Comment